ဓါတ်ပုံမှတ်တမ်း ၁

ညောင်ကန်အေးဘုန်းတော်ကြီးကျောင်း စမုံညင်းမလေးရှား

ဓါတ်ပုံမှတ်တမ်း ၂

ညောင်ကန်အေးဘုန်းတော်ကြီးကျောင်း စမုံညင်းမလေးရှား

ဓါတ်ပုံမှတ်တမ်း ၃

ညောင်ကန်အေးဘုန်းတော်ကြီးကျောင်း စမုံညင်းမလေးရှား

ဓါတ်ပုံမှတ်တမ်း ၎

ညောင်ကန်အေးဘုန်းတော်ကြီးကျောင်း စမုံညင်းမလေးရှား

ဓါတ်ပုံမှတ်တမ်း ၅

ညောင်ကန်အေးဘုန်းတော်ကြီးကျောင်း စမုံညင်းမလေးရှား

Saturday, April 30, 2016

ကျင့်စဉ်မြတ်ဖြင့်ပူဇော်မည်



ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက နောက်ဆုံးအထိပါရမီ၊
လူနတ်များစွာ ချမ်းသာရေးမို့ အသက်သွေးနဲ့ဖြည့်ခဲ့သည်။
သတ္တ၀ါတွေ သက်ရှည်ရေးတွက် အသက်သွေးကိုလှူပါမည်။
ဥပပါရမီ ကျင့်စဉ်မြတ်နဲ့ ကျေးဇူးဆပ်လို့ပူဇော်မည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ကြိုးစားမည်။
                                            သာကီနွယ်(ဓမ္မဗျူဟာ)

         သူတပါးကို ကောင်းမွန်ချမ်းသာစေလိုသော မေတ္တာစိတ် စေတနာ ကို အရင်းခံ၍
မိမိပိုင်ဆိုင်သည့် ပစ္စည်းဝတ္ထုကို ပေးကမ်းစွန့်လှူ ခြင်း
 ဒါနသည် လောဘ၊ မစ္ဆရိယတရား ဆိုးတို့ကို တော်လှန်နိုင်ခြင်း၏ အောင်ပွဲဖြစ်သည်။
ဘုရားအလောင်း တော် စသော သူတော်ကောင်းများသည်
ဒါနပါရမီကို အရင်းခံ၍ အခြားပါရမီ တို့ကိုလည်း ဖြည့်ကျင့်မြဲ ဖြစ်သည်။
ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့ ၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊
မိမိတို့ ၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း
လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။
စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။
စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။
ထို့ ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။
မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။
ထို့ အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။
အလိုလောဘတို့ တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက်
နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။
မူရင်းစာမူ

လေညာ၌ပင်သင်းသောရနံ့

လောကမှာ မွှေးကြိုင်လန်းဆန်းတဲ့ ပန်းတွေ အမျိုးအမည်အများကြီးရှိတယ်တဲ့၊ အဲ့ဒီပန်းတွေ ဘယ်လောက်ပဲ မွှေးကြိုင်နေပါစေ လေညာအရပ်ကို ဘယ်တော့မှ မွှေးရနံ့ မတက်ဘူး မသင်းနိုင်ဘူး။
အဲ ပညာရှိသူတော်ကောင်းတို့ရဲ့ ဂုဏ်သတင်းက လေညာအရပ်တင်မက အရပ်ဆယ်မျက်နှာ အရပ်ရှစ်မျက်နှာသို့တိုင် ဂုဏ်သတင်းရနံ့ သင်းပျံ့နိုင်ပါတယ်။

ဒါ့ကြောင့် လောကဆိုရိုးလေးတစ်ခုတောင်ရှိသေးပါရဲ့
ဟုတ်လျှင်ကျော် ပုတ်လျှင်ပေါ် ။ တဲ့

အားလုံးသော ညီအစ်ကိုမောင်နှမများ ဟုတ်လို့ကျော်ကြားနိုင်ကြပါစေ။

နောက်တစ်ခုက
လက်ငင်းချမ်းသာချင်ရင်
ကြောက်စရာ အင်မတန်ကောင်းတဲ့ အကုသိုလ်တွေဖြစ်တဲ့ ဣဿာ နဲ့ မစ္ဆရိယ တရားတွေ မိမိတို့သန္တာန်မှာ မဖြစ်အာင် အားထုတ်နေရမယ်။
လောကထဲမှာ လူဖြစ်နေကြတဲ့ တို့တတွေဟာ မိမိဘဝကြီးပွားတိုးတက်ရာတိုးတက်ကြောင်းလုပ်နေတဲ့အချိန်မှာ စီးပွားဘက်တွေ ရာထူးဋ္ဌာနန္တရတူတဲ့သူတွေရှိတက်ကြတယ်။ ဒါကို တို့တတွေက စီးပွားဘက်တွေပဲဆိုပြီး ရာထူးတူသူပဲဆိုပြီး သာမန်လောက်ပဲတွေးပြီး ကိုယ့်စီးပွားရေး ကိုယ့်တာဝန်တွေကိုပဲ အဓိက အားစိုက်ပြီး သမ္မာအာဇီဝကျကျ လုပ်ကိုင်စားသောက်နိုင်ရမယ်။ အဲ့လိုမှ မဟုတ်ပဲ ကိုယ့်နဲ့စီးပွားဘက်ရဲ့ တိုးတက်နေမှု ကိုယ့်နဲ့ရာထူးအဆင့်တူသူတို့ရဲ့ အပေါ်မှာ မနာလိုမှု ဝန်တိုမှုတွေထားပြီး လုပ်ကြမယ်ဆိုရင် ကိုယ့်ဘဝကြီးက တိုးတက်ကြီးပွားဘို့ ဝေးနေကြမှာပဲ။
ဒီနေ့ငါနဲ့ နက်ဖြန်ငါ ကိုပဲ ပြိုင်ဆိုင်ပြီး
မနာလိုကင်း ဝန်တိုရှင်း လက်ငင်းချမ်းသာ ကြရမည်။ ဆိုတဲ့ စကားအတိုင်း ကျင့်ကြံနိုင်ကြပါစေ လို့။

                                                                                အရှင်ပညာဒီပ