လောကမှာ မွှေးကြိုင်လန်းဆန်းတဲ့ ပန်းတွေ အမျိုးအမည်အများကြီးရှိတယ်တ့ဲ၊ အဲ့ဒီပန်းတွေ ဘယ်လောက်ပဲ မွှေးကြိုင်နေပါစေ လေညာအရပ်ကို ဘယ်တော့မှ မွှေးရနံ့ မတက်ဘူး မသင်းနိုင်ဘူး။
အဲ ပညာရှိသူတော်ကောင်းတို့ရဲ့ ဂုဏ်သတင်းက လေညာအရပ်တင်မက အရပ်ဆယ်မျက်နှာ အရပ်ရှစ်မျက်နှာသို့တိုင် ဂုဏ်သတင်းရနံ့ သင်းပျံ့နိုင်ပါတယ်။
ဒါ့ကြောင့် လောကဆိုရိုးလေးတစ်ခုတောင်ရှိသေးပါရဲ့
ဟုတ်လျှင်ကျော် ပုတ်လျှင်ပေါ် ။ တဲ့
အားလုံးသော ညီအစ်ကိုမောင်နှမများ ဟုတ်လို့ကျော်ကြားနိုင်ကြပါ စေ။
နောက်တစ်ခုက
လက်ငင်းချမ်းသာချင်ရင်
ကြောက်စရာ အင်မတန်ကောင်းတဲ့ အကုသိုလ်တွေဖြစ်တဲ့ ဣဿာ နဲ့ မစ္ဆရိယ တရားတွေ မိမိတို့သန္တာန်မှာ မဖြစ်အာင် အားထုတ်နေရမယ်။
လောကထဲမှာ လူဖြစ်နေကြတဲ့ တို့တတွေဟာ မိမိဘဝကြီးပွားတိုးတက်ရာတိုးတက်ကြောင်းလုပ်နေတဲ့အချိန် မှာ စီးပွားဘက်တွေ ရာထူးဋ္ဌာနန္တရတူတဲ့သူတွေရှိတက်ကြတယ်။
ဒါကို တို့တတွေက စီးပွားဘက်တွေပဲဆိုပြီး ရာထူးတူသူပဲဆိုပြီး
သာမန်လောက်ပဲတွေးပြီး ကိုယ့်စီးပွားရေး ကိုယ့်တာဝန်တွေကိုပဲ အဓိက
အားစိုက်ပြီး သမ္မာအာဇီဝကျကျ လုပ်ကိုင်စားသောက်နိုင်ရမယ် ။ အဲ့လိုမှ မဟုတ်ပဲ ကိုယ့်နဲ့စီးပွားဘက်ရဲ့ တိုးတက်နေမှု ကိုယ့်နဲ့ရာထူးအဆင့်တူသူတို့ ရဲ့ အပေါ်မှာ မနာလိုမှု ဝန်တိုမှုတွေထားပြီး လုပ်ကြမယ်ဆိုရင် ကိုယ့်ဘဝကြီးက တိုးတက်ကြီးပွားဘို့ ဝေးနေကြမှာပဲ။
ဒီနေ့ငါနဲ့ နက်ဖြန်ငါ ကိုပဲ ပြိုင်ဆိုင်ပြီး
မနာလိုကင်း ဝန်တိုရှင်း လက်ငင်းချမ်းသာ ကြရမည်။ ဆိုတဲ့ စကားအတိုင်း ကျင့်ကြံနိုင်ကြပါစေ လို့။
အဲ ပညာရှိသူတော်ကောင်းတို့ရဲ့ ဂုဏ်သတင်းက လေညာအရပ်တင်မက အရပ်ဆယ်မျက်နှာ အရပ်ရှစ်မျက်နှာသို့တိုင် ဂုဏ်သတင်းရနံ့ သင်းပျံ့နိုင်ပါတယ်။
ဒါ့ကြောင့် လောကဆိုရိုးလေးတစ်ခုတောင်ရှ
ဟုတ်လျှင်ကျော် ပုတ်လျှင်ပေါ် ။ တဲ့
အားလုံးသော ညီအစ်ကိုမောင်နှမများ ဟုတ်လို့ကျော်ကြားနိုင်ကြပါ
နောက်တစ်ခုက
လက်ငင်းချမ်းသာချင်ရင်
ကြောက်စရာ အင်မတန်ကောင်းတဲ့ အကုသိုလ်တွေဖြစ်တဲ့ ဣဿာ နဲ့ မစ္ဆရိယ တရားတွေ မိမိတို့သန္တာန်မှာ မဖြစ်အာင် အားထုတ်နေရမယ်။
လောကထဲမှာ လူဖြစ်နေကြတဲ့ တို့တတွေဟာ မိမိဘဝကြီးပွားတိုးတက်ရာတို
ဒီနေ့ငါနဲ့ နက်ဖြန်ငါ ကိုပဲ ပြိုင်ဆိုင်ပြီး
မနာလိုကင်း ဝန်တိုရှင်း လက်ငင်းချမ်းသာ ကြရမည်။ ဆိုတဲ့ စကားအတိုင်း ကျင့်ကြံနိုင်ကြပါစေ လို့။
အရှင်ပညာဒီပ








0 comments:
Post a Comment